Main menu

အုတ်တွင်းမြို့နယ်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် အုတ်တွင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေး ဦးအောင်ကိုကို ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ်အတွင်း ဈေးကွက်များအတွင်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့သည် မွန်းလွဲ (၁)နာရီတွင် အုတ်တွင်း မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်းနှင့် ရပ်ကွက်ကုန်စုံဆိုင်များ၌ လည်းကောင်း၊ မွန်းလွဲ (၂:၃၀)နာရီ တွင် အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်ဈေး၌လည်းကောင်း ဈေးကွက် အတွင်း စားသုံးရန်မသင့်သည့် အစားအသောက်များ ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ရာ အုတ်တွင်းမြို့ ရပ်ကွက်ကုန်စုံဆိုင်တစ်ခု၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက စားသုံးရန်မသင့်ဟု ကြေညာထားသည့် မုန့်တစ်မျိုးကို တွေ့ရှိရသဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိမ်းဆည်းသွားခဲ့ပါသည်။

      အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ အုတ်တွင်းမြို့နယ်အတွင်း စားသုံးရန်မသင့်သည့် ကုန်စည်များ ရောင်းချမှုမရှိစေရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)