Main menu

စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခြင်း

Powered by Drupal

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် မိုင်းဆတ်မြို့နယ်၊ ကာနစံပြကျေးရွာနှစ်ခြင်းခရစ်ယာန်ဘုရာရှစ်ခိုးကျောင်းတွင် ကာနစံပြကျေးရွာသူ/သားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော/ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ယင်းသို့ဆွေးနွေးရာတွင် ဦးမြင့်နောင်(ဦးစီးမှူး)မှ စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်းနှင့် စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဦးစိုင်းဟုန်ရှဲန် (ဒု-ကြီးကြပ်ရေးမှူး)မှ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူထိခိုက်နစ်နာမှုများအား တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကျေးရွာသူ/သားများမှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိလိုသည့် မေးမြန်းချက်များကို အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို နံနက်(၁၀း  ၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာသူ/သား (၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ရှမ်း)