Main menu

ပုသိမ်မြို့နယ်တွင် မိုးစပါး/မျိုးစေ့ထုတ်/စံပြကွက်/စမ်းသပ်ကွက်စိုက်ပျိုးသည့် တောင်သူများအတွက် ယူရီးယားဓါတ်မြေဩဇာဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်၂၀၂၂- ၂၀၂၃ခုနှစ်၊ မိုးစပါး/ မျိုးစေ့ထုတ်/ စံပြကွက်/ စမ်းသပ်ကွက်စိုက်ပျိုးသည့် တောင်သူများအတွက် ယူရီးယားဓါတ်မြေဩဇာ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနား ကို ၉.၉.၂၀၂၂နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ရုံးအစည်း အဝေးခန်းမ၌  ကျင်းပခဲ့ကြောင်း သိရသည်။

     အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုးပိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းက ယခုနှစ်မိုးရာသီ မိုးစပါး/မျိုးစေ့ထုတ်/စံပြကွက်/စမ်းသပ်ကွက်စိုက်ပျိုးပါကတောင်သူများအနေဖြင့်ဓါတ်မြေဩဇာဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူရမှုအခက်အခဲများမရှိစေရန် နိုင်ငံတော်မှဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးရခြင်းဖြစ်ကြောင်း နှင့် တစ်ဧကချင်းအလိုက် အထွက်နှုန်းတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရမှ ပေးအပ်ခြင်းဖြစ် ကြောင်းသိရသည်။

    ပုသိမ်မြို့နယ်တွင်မျိုးစေ့ထုတ် စိုက်ဧက(၄၉၄)ဧက၊စံပြစိုက်ဧက(၂၉၀)ဧက၊ မိုးစပါး စိုက်ဧက (၆၆၀)၊ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကွက်(၃၄၉)ဧက၊ ပုသိမ်မြို့နယ်အတွင်း မိုးစပါးစိုက်ဧက စုစုပေါင်း(၉၁၄၃၆)ရှိပြီး မျိုးစေ့ထုတ်စိုက်ဧကများနှင့် စံပြကွက်စိုက်ဧကများ အတွက်  တစ်ဧကလျှင် ဓါတ်မြေဩဇာ(၁)အိတ်နှုန်း ဩဂုတ်လအတွက် ထုတ်ပေးသည့် ဓါတ်မြေဩဇာအိတ်ပေါင်း (၁၇၉၃) အိတ်ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ ကျန်ရှိသော မိုးစပါးစိုက်ဧကများကိုလည်းရရှိသည့် အိတ်အရေအတွက်ကို အချိုးကျ ဆက်လက်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

      ဆက်လက်ပြီး တက်ရောက်လာသော တာဝန်ရှိသူများက ဒေသခံတောင်သူများအား ဈေးနှုန်း ချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး အဆိုပါအခမ်းအနားအား ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်အဖွဲ့ဝင်များ၊ စာသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသ ခံတောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)