
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ရုံးလုပ်ငန်းသုံးကွန်ပျူတာ ကျွမ်းကျင်မှုဆိုင်ရာပြိုင်ပွဲကို ၁၉.၉.၂၀၂၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း(၄)ဦး၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁)ဦး စုစုပေါင်း ဝန်ထမ်း(၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ပြိုင်ပွဲဝင်များ အနေဖြင့် ပြိုင်ပွဲမေးခွန်းအား Microsoft word တွင် စနစ်တကျရိုက်နှိပ်၍ စာလုံးအရေအတွက်(၁၈၀၀)၊ ဇယားနှင့် ရုပ်ပုံကားချပ်တို့ပါဝင်သော ရုံးစာပုံစံဖြင့် မေးခွန်းတစ်စောင်အား ဖြေဆိုချိန်မိနစ်(၃၀)အတွင်း မြန်ဆန်စွာ ဖြေဆိုရမည်ဖြစ်သည်။ဖြေဆိုမှုအခြေအနေများအား တိုင်းဒေသကြီးဦးစီးမှူးဦးဇေယျာဆွေနှင့် အကဲဖြတ်ဒိုင်များက စနစ်တကျအနီးကပ်ကြီးကြပ်၍ အမှတ်ပေးဆုံးဖြတ်ခဲ့ကြပါသည်။ ရုံးလုပ်ငန်းသုံးကွန်ပျူတာကျွမ်းကျင်မှုဆိုင်ရာ ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်အိပွင့်ဖြူ (အကြီးတန်းစာရေး)က ပထမဆု၊ ဒေါ်မြတ်သက်ခိုင် (အကြီးတန်းစာရေး)က ဒုတိယဆုနှင့် ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လမင်းအိမ်(ဒုဦးစီးမှူး)က တတိယဆု အသီးသီးရရှိခဲ့ကြပြီး ဆုရရှိသူများကို ဆုပျားအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)