စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တာဝန်ခံသည် အမှတ်(၈) မူးရစ် တပ်ဖွဲ့စုမုံရွာ၊ စစ်ကိုင်းလှုပ်ရှားမှုမှူးရစ်တပ်ဖွဲ့၊ ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တို့နှင့်ပူးပေါင်း၍ (၂.၉.၂၀၂၂)ရက်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၉၄)ဦးနှင့် (၁၅.၉.၂၀၂၂)ရက်နေ့က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၅၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဟောပြောပွဲတွင် စစ်ကိုင်းလှုပ်ရှားမှုအဖွဲ့မှ ဒုတိယရဲမှူးအောင်ကျော်စိုးက “မူးယစ်ဆေးဝါးဆိုးကျိုးများအန္တရာယ်သိကောင်းစရာ” ဖြင့်ဟောပြောခြင်း၊ စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကိုကိုမှ “အားကစားဆိုင်ရာ အသိ ပညာပေးဟောပြောခြင်း”၊ စစ်ကိုင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်စပယ်ဦးမှ “အားကစားသိပ္ပံကျောင်းဆိုင်ရာသိကောင်းစရာများဟောပြောခြင်းနှင့် စားသုံးသူ ရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဦးစီးမှူးဒေါ်ကေသီအောင်က “စားသုံးသူကာကွယ်ရေး သိကောင်းစရာများ” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ အခွင့်အရေး(၈)ချက်၊ စားသုံးသူ၏တာဝန်များ၊ DOCA Myanmar Mobile Application နှင့်ပတ်သက်၍ စားသုံးသူများသို့ အသိပေးခြင်းနှင့် ပတ်သက်သည့်အချက်များ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက လူကိုယ်တိုင်ဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Comsumer Call Center နံပါတ် 1535ဖြင့်ဖြစ်စေ၊ Website-www.doca.gov.mm သို့ဖြင့်ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်သည့်အချက်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို အသီးသီးမေးမြန်းဆွေးနွေး ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)