ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယညာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ကင်မွန်းခြုံကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် ဖြူးမြို့နယ်တာဝန်ခံရုံးမှ အကြီးတန်းစာရေး ဒေါ်သဲဆုရည်မွန်က စာသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် စစ်ဆေးရေးအရာရှိများ ခန့်အပ်၍ ဈေးကွက်အတွင်း စောင့်ကြည့်စစ်ဆေးနေမှုများ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအတွက် တိုင်ကြားလာပါက ဖြေရှင်းဆောင်ရွက်ပေးသည့်အကြောင်းများကို ဆွေးနွေး ဟောပြောပါသည်။
ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အိမာဟိန်းက “အသိပညာ တိုးပွားဖို့ စာဖတ်ကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆေးခန်းမှူး ဒေါ်ဝင်းဝင်းအေးက ကျောင်းသားလူငယ်များ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်သည့် နေထိုင် စားသောက်ရမည့်အချက်များ အကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ အားကစားမှူး ဒေါ်ယဉ်သူဇာလွင်က လူငယ်များနှင့် ခေါင်းဆောင်မှုအကြောင်းကို လည်းကောင်း ဟောပြောခဲ့ကြပါသည်။
ဟောပြောပွဲသို့ ဆရာဆရာနှင့် ကျောင်းသားကျောင်းသူ ၁၁၇ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)