
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၀.၉.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဉီးပိုင်အမှတ်(၇၉/ဃ)+၄၀)၊ဟ၊ ကြို့ကုန်းအနောက် ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ Nilar Yoma စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြောနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ် ဈေးနှုန်းများဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြု လုပ်ကြရန်၊ သိုလှောင် ကန်များ၏လက်ကျန်အခြေအနေများနှင့် နေ့စဉ်ဆီဝင်ရောက်မှု အခြေအနေများကို သက်ဆိုင်ရာ ဌာနများသို့ စာရင်းများပေးပို့ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး CCTV များမှ Control စနစ်ကောင်းမွန် ခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)