Main menu

တောင်ငူမြို့ ကံလှကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ဦးဆောင်သော ဝန်ထမ်းများာသည် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ် ဆင်ဆိပ်ကျေးရွာအုပ်စု၊ ကံလှ ကျေးရွာ အောင်ရတနာ ဓမ္မဗိမာန်၌ ကျေးရွာသူကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

        ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာ ပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ ဆောင်ရွက်ချက်များကို လည်း ကောင်း၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ် ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများကိုလည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံနှင့် စစ်ဆေးရေးအရာရှိ ဦးမင်းဇော်က ဈေးကွက်စောင့်ကြည့် စစ်ဆေးတွေ့ရှိချက်များကိုလည်းကောင်း ဟောပြောကြပါသည်။

        ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်ဦးစီးမှူး က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ ၂၁၀ ဦး တက် ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)