
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့ နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးသည်၊ လေးမျက်နှာမြို့၊ အိုင် သပြုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် လုပ်ငန်းရှင်များမှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိ မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆီဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးဟော ပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အသိပညာပေးဆွေးနွေးပွဲတွင် လေးမျက်နှာမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါကုန်စည်များတွင် မြန်မာ ဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မ ဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့်လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူပြည်သူ များသို့ စားအုန်းဆီများ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့် တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ် ပြန့်ပြန့် လွှမ်းခြုံ မှု အားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေး နှုန်းဖြင့်အရည် အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)