
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ဇီးဖြူကျွန်းရှိ ဦးလှဖုန်း၏ ကွမ်းသီးခြောက်လုပ်ငန်းသို့ သွားရောက်၍ ကွမ်းသီးခြောက်လုပ်ငန်းအတွက် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေ ရေးအသိပညာပေး ဆွေးနွေးခြင်းကို (၁၀.၉.၂၀၂၅)နေ့ နေ့လယ် (၁၃:၀၀)နာရီတွင် ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ကွမ်းသီးခြောက်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုကိုလေ့လာပြီး ကွမ်းသီးများကို အမြို့မြို့ အနယ်နယ်မှ ဝယ်ယူပြီး ကွမ်းသီးစိမ်းကို သန့်စင်ပြီး၊ ရေဖြင့်ပြုတ်ပြီး နောက်တဆင့် ပေါင်းခံကာ အခြောက်ခံပြီးမှ အခွံချွတ်ရကြောင်း ပြီးလျှင်ဈေးကွက်တင်၍ မြို့နယ်များသို့ ဖြန့်ချီဈေးကွက်တင်ပို့ကြောင်း ရှင်းလင်းပြီး ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ ကွမ်းသီးများသည် မှိုတက်လွယ်သော ကုန်စည်ဖြစ်သောကြောင့် စနစ်တကျပြုလုပ်ပြီး ထုတ်ကုန်လုံခြုံစိတ်ချစေရေး အလေးပေးဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)