ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင် ၊ ပြည်မြို့နယ်အတွင်း တစ်လလျှင် ကျေးရွာ(၁၀)ရွာ ရွေးချယ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီး ဌာနတို့မှ ကျေးရွာများသို့ ကွင်းဆင်း၍ စားသုံးသူအသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျှက်ရှိပါသည်။
အဆိုပါဟောပြောပွဲကို (၁၉.၉.၂၀၂၂)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီ မှ (၁၅:၃၀) နာရီတွင် ပြည်မြို့နယ် ကုန်းဇင်းကျေးရွာအုပ်စု၊ ဇီးတောကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မရုံ၌ ဇီးတော ကျေးရွာ၊ ဖျောက်ဆိပ်ကုန်းကျေးရွာများရှိတောင်သူ (၆၉)ဦးအား ဌာနအသီးသီးမှ အသိပညာပေး ဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်လင်းကလည်း စားသုံးသူ ရေးရာဦးစီးဌာနအကြောင်း ပြည်သူများပိုမိုသိရှိလာနိုင်စေရန် ဌာန၏စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်၍ လာရောက် ဆွေးနွေး ဟောပြောရခြင်းဖြစ်ပါကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့် စားသုံးသူ အကျိုးစီးပွား ကာကွယ်ရန် ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ စားသုံးသူအခွင့်အရေးများ ပြည့်ပြည့်ဝဝ ရရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ဖြင့် အတည်ပြုပြဌာန်း ဆောင်ရွက်လျှက်ရှိ ပါကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်တန်းနိုင်ရန် တိုင်းဒေသကြီး /ပြည်နယ်/ ခရိုင်ဦးစီးမှူးရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေး စင်တာ CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိပါကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)