ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး စကားဝိုင်းဆွေးနွေးပွဲကို (၂၀.၉.၂၀၂၂)ရက်နေ့ နံနက်(၈)နာရီအချိန် တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲကို ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနများမှ အဓိကထားကျင်းပ ဆောင်ရွက်ခြင်းဖြစ်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ စီးပွားရေးရာ ဝန်ကြီး၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ၊ ဘဏ်များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆီထွက် သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလုပ်ငန်းရှင်များ စုစုပေါင်း (၅၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ မိမိတို့ပြည်နယ်သည် ဆန်/စပါးဖူလုံမှုရှိသော ပြည်နယ်ဖြစ်သော်လည်း စားသုံးဆီအနေဖြင့် ဖူလုံမှုမရှိသော ပြည်နယ်တစ်ခု ဖြစ်သောကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ ဆီထွက် သီးနှံများကို တိုးချဲ့စိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်အနေဖြင့် နိုင်ငံ့ စီးပွား မြှင့်တင်ရေး ရန်ပုံငွေ များရရှိထားပြီးဖြစ်၍ ၎င်းရန်ပုံငွေများအား ပြည်နယ်ဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အကျိုးရှိရှိ သုံးစွဲသွားမည် ဖြစ်ပါကြောင်း နှင့် စိုက်ပျိုးတောင်သူ များအနေဖြင့် လိုအပ်ချက်နှင့် အကြံပြုချက်များအား ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးပေးစေ လိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မြန်မာ နိုင်ငံရင်းနှီးမြှပ်မှုဉပဒေ၊ နည်းဥပဒေအရရှိနိုင်သော အခွင့်အလမ်းများအား ဆွေးနွေး တင်ပြခြင်း၊ စိုက်ပျိုးရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှ ရှမ်းပြည်နယ်အတွင်း အဓိက စိုက်ပျိုး လျက်ရှိ သော မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီမုံညင်း၊ ဆီမုံလာ ဆီထွက်သီးနှံ (၆)မျိုး၏ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ လျာထားစိုက်ပျိုးပြီးစီးမှု အခြေအနေနှင့် တိုးချဲ့ စိုက်ပျိုးမည့်အခြေ၊ ဆီထုတ်လုပ်မှုနှင့်ဖူလုံမှုအခြေအနေ၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုး နိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး အခက်အခဲနှင့်များနှင့်စိန်ခေါ်မှုလိုအပ်ချက်များ၊ အကြုံပြု ချက်များ၊ ပြည်နယ်အစိုးရအဖွဲ့အဆင့်၊ ဉီးစီးဌာနအဆင့် ၊ ဝန်ကြီးဌာနအဆင့်၊ နိုင်ငံတော် အဆင့်က ကူညီဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။ ထပ်မံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဉီးစီးဌာန ညွှန်ကြားရေးမှူးမှ မိမိတို့ဌာနမှ ကုန်ထုတ်လမ်း တံတားလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်လျက် ရှိပြီး ၊ မြစိမ်းရောင်စီမံကိန်းကဲ့သော လူထုအကျိုးပြုလုပ်ငန်းများတွင် ကျေးရွာများဖွံ့ဖြိုး တိုး တက်ရေးအတွက် မတည်ရင်းနှီး ငွေများထုတ်ချေး ဖော်ဆောင်ပေးခြင်း များကိုလည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲနိဂုံးအနေဖြင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆီထွက်သီးနှံထုတ်လုပ် စိုက်ပျိုးသည့် လုပ်ငန်းရှင်များပူးပေါင်း၍ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရာတွင်နှင့်ပြည်ပသို့ တင်ပို့ ရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်သည့် ကိစ္စရပ် များ၊ ပြည်နယ်အစိုးရအဆင့်၊ ဉီးစီးဌာနအဆင့်၊ နိုင်ငံတော်အဆင့်မှ ကူညီ ဆောင်ရွက်ပေး စေလိုသည့် ကိစ္စရပ်များနှင့် အကြံပြုချက်များအား ဝိုင်းဝန်းဆွေးနွေး၍ ဆွေးနွေးချက်များအပေါ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများမှ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲအား နေ့လည် (၁၂:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)