Main menu

ထူးခြားစွာဈေးနှုန်းမြင့်တက်နေတဲ့ ရှမ်းဒေသထွက်သီးနှံများ

Powered by Drupal

            ယခုလအတွင်း ရှမ်းပြည်နယ်ဒေသထွက်သီးနှံများဖြစ်သော ဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် ရွှေပဲသီးဈေးနှုန်းများ ယခင်လများထက် ထူးခြားသိသာစွာ ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ဂေါ်ဖီဈေးနှုန်းမှာ ယခင်လများထက် တစ်ပိဿာလျှင် (၅၀၀ မှ ၆၀၀) ကျပ်အထိ ထိုးတက် လာခဲ့ပါသည်။ ယခင်လများတွင် ဂေါ်ဖီတစ်ပိဿာလျှင်   (၈၀၀မှ ၁၀၀၀) ကျပ်အထိသာ အများ ဆုံးရှိခဲ့သော်လည်း ယခုလမှာတော့  ဂေါ်ဖီတစ်ပိဿာလျှင် ၁၃၀၀ကျပ် အထိ ဈေးနှုန်းမြင့် တက် ခဲ့ပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ဂေါ်ဖီသီးနှံများကို မြဝတီမြို့ လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံ၏ ဝယ်လိုအားမြင့်တက်ခြင်း၊ သယ်ယူစရိတ်မြင့် တက်ခြင်း တို့ကြောင့် ဈေးနှုန်းအဆမတန်မြင့် တက်လာခြင်း ဖြစ်ပါသည်။

          ဒါ့အပြင် ရွှေပဲသီးနှံမှာလည်း ယခုလအတွင်း သိသိသာသာ ဈေးနှုန်းမြင့်တက်လာတာ ကိုတွေ့ရှိရပါသည်။ ယခင်လ များမှာ ရွှေပဲသီးတစ်ပိဿာလျှင် (၃၅၀၀မှ ၆၀၀၀)ကျပ်အထိသာ အမြင့်ဆုံးဈေးရှိခဲ့ပြီး ယခုလမှာတော့ ၁၃၀၀၀ကျပ် ခန့်အထိ မြင့်တက်လာခဲ့ပါသည်။ ရွှေပဲ သီးနှံကို ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာ စသော  ပြည်တွင်းဈေးကွက်ကြီးများ  သို့တင်ပို့လျက်ရှိပြီး ကုန်ထွက်ပမာဏနှင့် လက်ကျန်နည်းပါးချိန်တွင် ဝယ်လိုအားမြင့်တက်လာခြင်းများကြောင့် ဖြစ် ပါသည်။

          ခရမ်းချဉ်သီးနှံသည်လည်း ယခင်လများထက် ဈေးနှုန်းများစွာ မြင့်တက်လာ၍ ယခင်လများက ခရမ်းချဉ်တစ်ပိဿာ လျှင် (၁၀၀၀ မှ ၁၂၀၀ )ကျပ်အထိသာ ရှိခဲ့သော်လည်း ယခုလတွင် (၂၅၀၀မှ ၃၀၀၀) ကျပ်အထိ ဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ပါသည်။ ခရမ်းချဉ်သီးနှံကို ပြည်တွင်းဈေးကွက်များသို့သာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ခရမ်းချဉ်ကို ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအများအပြားတွင်စိုက်ပျိုး လျက်ရှိပြီး အင်းလေးဒေသတွင် ထွက်ကုန် မရှိတော့သည့် ကာလဖြစ်ခြင်း၊ ဝယ်လိုအားဖြင့်တက်နေခြင်းကြောင့် ဈေးနှုန်းမြင့် တက်လာခြင်း ဖြစ်ကြောင်း သုံးသပ်သိရှိရပါသည်။

DOCA(ရှမ်း)