Main menu

သထုံမြို့တွင် အွန်လိုင်းစနစ်မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၁၂.၉.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဒုတိယဦးစီးမှူး ဦးစည်သူတို့သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ နတ်စင်လမ်း၊ အမှတ် (၈၉၈) ရှိ Hnin May Thu Aung အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။

      ထိုသို့ ဆောင်ရွက်ရာတွင် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက အွန်လိုင်းမှတ်ပုံတင် စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှု ရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ် ရရှိပြီးပါက လက်မှတ်ရရှိသူများ လိုက်နာရမည့်တာဝန်များအကြောင်းကို ဆွေးနွေးခဲ့ပါသည်။

DOCA (မွန်)