
၁၅.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်မြို့၊ Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat Ah Kan ကုမ္ပဏီတို့မှ မြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ဘီးလင်းမြို့နယ် လက်လီကိုယ်စားလှယ်များထံသို့ (၁၂.၉.၂၀၂၅) ရက် နေ့တွင် ခွဲတမ်းရစားအုန်းဆီ (၄၄)ပေပါအား မော်တော်ယာဥ်များဖြင့် သယ်ဆောင်ရောက်ရှိခဲ့ပြီး (၁၃.၉.၂၀၂၅) ရက်နေ့မှ လက်လီကိုယ်စားလှယ်များမှ ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်သူများသို့ စတင်ဖြန့်ဖြူးရောင်းချခဲ့သည်။
ထိုသို့ စားအုန်းဆီများ ပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် (၁၄.၉.၂၀၂၅) ရက်နေ့၊ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ အခွန်လွတ်စျေး၌ စားသုံးသူပြည်သူများသို့ ရောင်းချနေရာသို့ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ခေါင်းဆောင်သော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရေးအဖွဲတို့သည် လက်လီကိုယ်စားလှယ်တို့မှ သတ်မှတ်ရည်ညွှန်းစျေး အတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့်၊ ဝယ်ယူစားသုံးသူပြည်သူများ ပွင့်လင်း မြင်သာမှုရှိစေရေးအတွက် ရောင်းချသည့်ရက်စွဲ၊ ပိဿာချိန်၊ ရောင်းချသည့် စျေးနှုန်းနှင့် ရောင်းချသူ အမည်တို့ ပါဝင်သော ဗီနိုင်းချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိတို့ကို ကြီးကြပ်စစ်ဆေးခဲ့ပြီး စားသုံးသူ ပြည်သူများမှ သက်သာသော စျေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူစားသုံးခွင့်ရသဖြင့် များစွာ အဆင်ပြေနေကြောင်းတို့ကို သိရှိရပါသည်။
DOCA (မွန်)