
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၁၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)တွင် ကြံခင်းမြို့၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်ကွက်ရှိ “ဆန်းသစ်” ပဲကြော်၊ ပဲလှော်လုပ်ငန်း သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေး မြန်းပြီး ၎င်းတို့ပြုလုပ်နေသော ပဲကြော်/ပဲလှော်များအား စားသုံးရန် (သို့) အသုံးပြုရန်သင့်/မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိ/မရှိ စစ်ဆေးခြင်းများဆောင် ရွက်ခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင် များ ၏ တာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်း စနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းမှု တို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်ဟု သတင်း ရရှိပါသည်။
(DOCA ဧရာဝတီ)