Main menu

ကျိုက်မရောမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၁၂.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ကလာကျေးရွာအုပ်စု ပန်းကုန်းကျေးရွာရှိ ပန်းကမ္ဘာလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းတို့မှ မိုးစပါးစိုက်ပျိုးလျက်ရှိသော အသင်းသားတောင်သူများ၏ လယ်ယာမြေများတွင် မိုးစပါးစိုက်ပျိုး မှုနှင့်ပတ်သက်၍ မြို့နယ်ဦးစီးအရာရှိနှင့် အဖွဲ့သည် ကွင်းဆင်းစစ်ဆေးခဲ့သည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျိုက်မရောမြို့နယ်သည် ဒေသရေမြေအနေအထားအရ ရေကျနောက်လိုက်စပါးစိုက်ပျိုးလျက်ရှိပြီး အထွက်နှုန်းကောင်းစပါးမျိုးစိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိပြီး တောင်သူများဝင်ငွေတိုးပွားရေး စိုက်ခင်းများ ပိုးမွှားရောဂါမကျရောက်စေရေး မြေဩဇာများ အချိန်ကာလအလိုက်စနစ်တကျထည့်သွင်းနိုင်ရေးနှင့် စိုက်ပျိုးစဉ်ကာလ အတွင်း လိုအပ်ချက်များကို ဦးစီးဌာနသို့ အချိန်မီတင်ပြနိုင်‌ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)