
၁၂.၉.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီက မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကျောင်းသား/သူများ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးစိုးညီညီမှ ကျောင်းသား/သူ များအား စားသုံးသူကာကွယ်ရေး အကြောင်းအရာများပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးများ စစ်မှုမထမ်းရ နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)