
၁၆.၉.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဌ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ပေါင်မြို့နယ်တာဝန်ခံတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဌဦးထင်လင်းအောင် က အသား၊ ငါးတွေကို မိမိကိုယ်တိုင်မွေးမြူကြဖို့လိုအပ်ပါကြောင်း၊ဒေသထွက်ဝါးတွေစိုက်ပျိုးပြီး ဝါးထွက်ပစ္စည်းထုတ်လုပ်ကြရန်၊ ဌာနပိုင်မြေများအမည်ပေါက်ရရှိရေး အလေးထားဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ တရားမဝင် စက်သုံးဆီရောင်းဝယ်မှုမရှိစေရေးကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုက်နာဆောင်ရွက်ကြပါရန် ပြောကြားခဲ့သည်။
DOCA (မွန်)