ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာလ( ၁၉ )ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် အခြေခံပညာမူလတန်းကျောင်း အမှတ် (၅) ဇီဝကာရာမ (၁၁) ရပ်ကွက်၌ ဆရာ/ဆရာမ (၆) ဦး ကျောင်းသား / ကျောင်းသူ (၁၀၁)ဦးတို့အား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ တားမြစ်ထားသောကုန်စည်များ ၊ စားသုံးသူ ဆုံးရှုံးနစ်နာမှုရှိပါက တိုင်ကြားနိုင်မှုတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းမုန့်ဈေးတွင် ရောင်းချနေသော မုန့်ပဲသရေစာများအား စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)