Main menu

မကွေးမြို့၊ ကန်သာစျေး၌ စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုမရှိသော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ် တာဝန်ခံ)နှင့် ခရိုင်ရုံးမှ ဝန်ထမ်း(၃)ဦးတို့သည် (၁၄.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀း၀၀)မှ (၁၁း၃၀)နာရီအချိန်ထိ မကွေးမြို့၊ ကန်သာစျေး၌  အစားအသောက် နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)မှ စျေးကွက်အတွင်း နမူနာကောက်ယူ၍ ဓါတ်ခွဲစမ်းသပ်ပြီး Sodium Cyclamate ၊ Benzoic Acid သတ်မှတ် ပမာဏထက်ကျော်လွန်နေသော ခွင့်မပြုဆိုးဆေး ပါဝင်နေသော စားသောက်ကုန်များအား စျေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ ၊ စျေးကွက်လက်ကျန်မရှိစေရေး၊ စျေးကွက်အတွင်းရှိ ကုန်စည်များ၌ စားသုံးသူရေးရာဦးစီးဌာနမှ ပြဌာန်းထားသော စားသုံးသူ ကာကွယ်ရေး  ဥပဒေ -၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ မပါဝင်သော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ အား စစ်ဆေး ခဲ့ပါသည်။

  ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ စည်ပင်သာရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မတီ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)