Main menu

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့မဈေးတာဝန်ခံရုံး၌ မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍(၂၂.၉.၂၀၂၂)ရက်နေ့ နေ့လည်(၁၃;၃၀)နာရီက မြို့မဈေးတာဝန်ခံရုံးတွင် မုန့်မျိုးစုံလုပ်ငန်းရှင်များအား  စားသုံးသူ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ  စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက် ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော   စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များအရ

      စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခု ထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့ရောင်းချနေသော ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ကုန်စည် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများတစ်စုံတစ်ရာနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန် ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီ ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါ က ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်၊ ဟောပြောဆွေးနွေးပွဲသို့ မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင် (၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)