ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဖျာပုံမြို့ နယ်တာဝန်ခံ၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများလိုက်ပါ၍ ဘိုကလေးမြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ်ကျောင်း၌ စက်တင်ဘာလ(၂၁)ရက်နေ့တွင် စားသုံးသူကာကွယ်ရေးအသိ ပညာ ပေးဟောပြောပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဖျာပုံခရိုင် ၊စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးဦးစိုးမင်းထိုက်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့်ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကုန်စည်အမျိုးအစားအလိုက် ဇယားများအား ရှင်းလင်း ဟောပြောဆွေးနွေးပါသည်။ ထို့နောက် ဖျာပုံမြို့နယ်တာဝန်ခံ ဦးမင်းဇော်က စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များ၊ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးခြင်းနှင့်ဆောင်ရွက်မှုအခြေအနေများ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှု များအားဟောပြောဆွေးနွေးပါသည်။
ဆက်လက်၍ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှူးဒေါ်လဲ့လဲ့ဆန်းကဘိုကလေး ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးကို စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များပေးအပ်ကာ ကျောင်းအုပ်ကြီးဒေါ်ခင်ချိုမြင့်က ကျေးဇူးတင်စကား ပြောကြားပါသည်။ အဆိုပါအခမ်းအနားသို့ကျောင်းအုပ်ကြီးနှင့် ပါမောက္ခများ၊ဆရာ/ဆရာ(၂၆)ဦးနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းတက်ရောက်နေသူ ဆရာ/ဆရာမ(၅၆၇)ဦး၊စုစုပေါင်း(၅၉၃)ဦး တက်ရောက်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)