Main menu

ညောင်ဦးမြို့တွင် ဝင်ငွေတိုးစီမံကိန်း သင်တန်းဆင်းပွဲနှင့်လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီး အရာရှိ)သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်၊ အမျိုးသမီးများဝင်ငွေတိုးရေးလုပ်ငန်းနှင့် အသေးစားအငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် သင်တန်းဆင်းပွဲနှင့်လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို (၁၁.၉. ၂၀၂၅) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး သော်ထိုက် က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်း က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် အရှေ့ဖွားစောကျေးရွာနှင့်ဝါးခင်းကြီးကျေးရွာတို့မှ စက်ချုပ်လုပ်ငန်း နှင့်စားသောက်ကုန်ထုတ်လုပ်ငန်း ထူထောင်လိုသူ (၁၀)ဦးကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်း များပေးအပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ သင်တန်းသား/သင်တန်းသူများ(၇၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)