မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၆.၉.၂၀၂၂ ရက်နေ့ (၀၉:၃၀)ချိန်တွင် ချောင်းဆုံမြို့နယ် အမက(ကညှော်) ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဦးပြည့်ဖြိုးဝေက စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့်တာဝန်များ၊ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားကို သေချာစွာဖတ် ရှု့ပြီးမှ အသုံးပြုသင့်ကြောင်း၊ စားသုံးသူထိခိုက်နစ်နာမှုအတွက် တိုင်ကြားနိုင်သည့် အကြောင်းအရာများ ၊ Call Center ၁၅၃၅ သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်သည့် အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပါသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးထံ လက်ကမ်းစာစောင်များပေးအပ်ခဲ့ပြီး အဆိုပါဆွေး နွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၂၁၆) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)