စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အာဆီယံစားသုံးသူကာကွယ်ရေးသိကောင်းစရာခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်းဝန်ထမ်း (၁၀) ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံရေးရာဌာနခွဲ နှင့် သတင်း/နည်းဌာနခွဲ တာဝန်ခံ ဒေါ်မြို့ရီ ဦးစီးအရာရှိမှ စားသုံးသူကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ အာဆီယံနိုင်ငံများဆောင်ရွက်လျက်ရှိသည့် စားသုံးသူအခွင့်အရေး ထုတ်ကုန် လုံခြုံစိတ်ချမှု့ နှင့်စပ်လျဉ်း၍အရေးကြီးသည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်သင့်သည့်အချက်များ၊ ပါဝင်ရမည့်အချက်များ၊Unsafe Product (လူသုံးကုန်/ကလေးကစားစရာ) တိုင်ကြားနိုင်သည့် နေရာများ စသည့်အချက်များရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်သည့်ဝန်ထမ်းများကလည်း သိလိုသည်များ မေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း၊ Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ အသိပညာဗဟုသုတတိုးပွားပြီး ဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်သည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရပါသည်။
DOCA(ကယား)