Main menu

တောင်ငူမြို့နယ် ကျွဲကူးကျေးရွာမှ တောင်သူလယ်သမားများနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းကတောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဉာဏ်လင်းအောင် ဦးဆောင်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများ ပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့်အတူ တောင်ငူမြို့နယ်  ငါးဖယ်အင်းကျေးရွာအုပ်စု ကျွဲကူးကျေးရွာမှ တောင်သူလယ်သမားများအား ဗောဓိမြိုင်ကျောင်း ဓမ္မာရုံ၌ တွေ့ဆုံပြီး သက်ဆိုင်ရာ ဌာနများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း ပြောကြားကြပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ နစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ဆောင်ရွက်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု များ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်အကြောင်းများကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ် မှုဖွံ့ဖြိုးရေး အတွက်  ဈေးနှုန်းဈေးကွက်သတင်းများ၊ သီးနှံများ၏ စိုက်အောင်ထွက် စားသုံးပိုလျှံ သတင်း အချက် အလက်များ ရယူစုဆောင်း၍ တင်ပြဆောင်ရွက်ပေးသည့် အခြေအနေများ၊ သီးနှံအစုအဖွဲ့ များ ဖွဲ့စည်း၍ စုပေါင်းဆောင်ရွက်သည့် အလေ့အထများ ရှိစေရေးအတွက် ဆောင်ရွက်ပေးသည့် အခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးဌာနက အကြံပြုထားသည့် လူတစ်ဦး စားသုံးသင့် သည့် ဆီပမာဏထက်ကျော်လွန်၍ စားသုံးခြင်းမပြုခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် မိသားစုစီးပွားရေးကိုလည်း အထောက်အကူပြုမည့် အခြေအနေများ၊ နေကြာ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများကို စားရမည့်အပြင် ပြည်တွင်းစားသုံးဆီ ဖူလုံရေး အတွက်လည်း အထောက်အကူပြုမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျေးရွာနေ တောင်သူလယ်သမား ၁၈၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)