Main menu

ပန်းတနော်မြို့နယ်အတွင်း တရားမဝင်ကုန်စည်များရောင်းချခြင်း မရှိကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် တရားမဝင် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်​ဆေးခြင်းကို ၁၇-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တို့တွင် ဆောင်ရွက်ခဲ့သည်။ 

    ထိုသို့စစ်ဆေးရာတွင် နိုင်ငံတော်အခွန်အခများ လေလွင်ဆုံးရှုံးမှုမရှိစေရေးတို့အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ဝင် များက မြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာအရောင်းဆိုင်၊ မော်တော်ဆိုင်ကယ် အရောင်းဆိုင်၊ Mobile Phone အရောင်းဆိုင်နှင့် ယစ်မျိုးလက်လီလက်ကား ရောင်းချနေသောဆိုင်များတွင် လိုင်စင်မဲ့ရောင်းချခြင်း၊ တရားမဝင် သယ်ဆောင်ခြင်း၊ လုပ်ငန်းလိုင်စင်များ အခွန်ဆောင်ထားခြင်းရှိ/မရှိ၊ သိုလှေင်ခြင်းမရှိစေရေးနှင့် ပြည်တွင်းကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် အခွန်ပေးဆောင်ထားမှု အခြေအနေနှင့် အရက်၊ ဘီယာ ကုန်ပစ္စည်းများတွင် Tax Paid ကပ်ထားမှုရှိ/မရှိ၊ တရားဝင်ထုတ်ကုန်များကို ရောင်းချရန်နှင့် ကုန်အညွှန်အမှတ်အသားပါဝင်ပြီး၊ သက်တိုင်ရာ ထောက်ခံချက်ကုန်စည်များ ရောင်းချနေကြောင်းစစ်ဆေး တွေ့ရှိရပြီး ပန်းတနော်မြို့နယ်အတွင်း ကုန်ပစ္စည်းအရောင်းဆိုင် ၁၈ဆိုင်ကို  လိုက်လံကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)