Main menu

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်လိုတိုင်းဖြစ်သော တနင်္သာရီ တိုင်းဒေသကြီး၊  မြိတ်ခရိုင်သို့ ဆန်များတင်ပို့နိုင်ရေးအတွက် ၂၀၂၅-ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ နံနက် (၁၁:၄၀)တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကြီးကြပ်မှုကော်မတီ၊ မြို့နယ်ဆန်စက်  လုပ်ငန်းရှင်များအသင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်ကျွန်းမြို့မှ မြိတ်မြို့သို့ ဆန်တင်ပို့မည့် ရေယာဉ်အမှတ်။ (ON-101106) MV-ရွှေလမင်း(၃)ရေယာဉ်ဖြင့် ဆန်တန်(၉၀၀)၊ အိတ်ရေ(၁၈၀၀၀)အိတ်၊ တင်ဆောင်ထားမှုအခြေအနေနှင့် ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေး၊ တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ      ဖြစ်ပွားမှုမရှိစေရေးတို့အတွက် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)