Main menu

ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၉) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကုန်မျိုးစုံ လုပ်ငန်းရှင် (၆) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

   မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှု၊ ကုန်စည်အပေါ်တာဝန်ရှိမှု၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များအကြောင်းကို  အသိပညာပေး ဟောပြော ဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)