Main menu

ရွှေတောင်မြို့နယ်တွင် ဆောင်းမြေပဲများစတင်စိုက်ပျိုး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယခုစက်တင်ဘာလအတွင်း ဆောင်းမြေပဲများစတင်စိုက်ပျိုးလျှက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂.၉.၂၀၂၂)နေ့ နံနက်(၁၀:၀၀)အချိန်တွင် ရွှေတောင်မြို့နယ် အတွင်းရှိ ကသစ်ကိုင်းအုပ်စု၊ စမ်းကျေးရွာသို့သွားရောက်၍ ဆောင်းမြေပဲစိုက်ပျိုးမှု အခြေအနေ အားသွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

   ရွှေတောင်မြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်းမြေပဲစိုက်ဧကမှာ (၁၄၂၄၀) ဧက စိုက်ပျိုးရန်ရှိပြီး ကသစ်ကိုင်းကျေးရွာအုပ်စုတွင် (၇၇၉)စတင် စိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုသို့ကွင်းဆင်းလေ့လာရာတွင် ကသစ်ကိုင်းအုပ်စု၊ စမ်းကျေးရွာရှိ ဆောင်းမြေပဲ စိုက်ပျိုးသူ တောင်သူ ဦးဌေးအောင်မှ ယခုနှစ်တွင် ဆောင်းမြေပဲ စိုက်ပျိုးဧက(၈)ဧကရှိပြီး နှစ်စဉ် စိုက်ပျိုးလျှက်ရှိပါသည်။ ယခင်နှစ်တွင် ဆောင်းမြေပဲ တစ်ဧကကုန်ကျစရိတ်မှာ (၄)သိန်း ကျပ်ခန့် ကုန်ကျခဲ့ပါသည်။ ယခုနှစ်တွင် သွင်းအားစုများ၊ စိုက်ပျိုးစရိတ်များကြီးမြင့်လာခြင်းကြောင့် ယခင် နှစ်ထက်စာလျှင် ကုန်ကျစရိတ်ပိုမိုကုန်ကျမည်ဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် (၆၀)တင်းခန့်ထွက်ရှိခဲ့သဖြင့် ယခုနှစ်တွင်လည်း ဆောင်းမြေပဲများစိုက်ပျိုးချိန်တွင် အချိန်အခါ မဟုတ် မိုးရွာခြင်း၊ ရေကြီးခြင်း စသည့် သဘာဝဘေးအန္တရာယ်များနှင့် မတွေ့ကြုံရပါက ယခင်နှစ် ကအတိုင်း အထွက်နှုန်းကောင်းမည်ဟု ခန့်မှန်းသိရှိရပါသည်။

      ယခုနှစ်တွင် ဆောင်းမြေပဲစိုက်ပျိုးသူ တောင်သူအကျိုးအမြတ်အနေဖြင့် ယခုအချိန်တွင် မြေပဲဆန်ဈေးမှာ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ခန့်ရှိနေသော်လည်း ဆောင်းမြေပဲများပေါ်ချိန်တွင် ဈေးများကျဆင်းမသွားဘဲ ယခုဈေးအတိုင်း ဆက်ရှိနေမည်ဆိုလျှင် စိုက်စရိတ်များ၊ သွင်းအားစုများ မြင့်လာသော်လည်း အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်းလေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)