Main menu

အုတ်တွင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချ

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် တောင်ငူခရိုင်အတွင်းရှိ ဆီကုန်သည်များနှင့် ညှိနှိုင်း၍ အခြေခံလူတန်းစားများ စားသုံးဆီများကို သက်သာသောနှုံးထားဖြင့် ဝယ်ယူ ရရှိနိုင်ရန်အတွက် ဆောင်ရွက်လျှက်ရှိရာ Diamond Dragon Co.,Ltd သည် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့၌ ဌာနဆိုင်ရာများဝန်ထမ်းများနှင့် အခြေခံလူတန်းစားများသို့ စားသုံးဆီများ ရောင်းချပေးခဲ့ပါသည်။

    Diamond Dragon Co.,Ltd သည် ရာသက်ပန်အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ (၅၀ ကျပ်သားဘူး) အား ဌာနဆိုင်ရာဝန်ထမ်းများသို့ ၁၅၀ ဘူး (၇၅ ပိဿာ)နှင့် အခြေခံလူတန်းစားများ သို့ ၁၅၀ ဘူး (၇၅ ပိဿာ)၊ စုစုပေါင်း ၃၀၀ ဘူး (၁၅၀ ပိဿာ)အား လူတစ်ဦးလျှင် တစ်ဘူးနှုန်း၊ တစ်ဘူးလျှင် ၃၁၀၀ ကျပ် (တစ်ပိဿာ ၆၂၀၀ ကျပ်)နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

   စားအုန်းဆီများ ရောင်းချရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်တို့ ဦးဆောင်သော ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)