စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူ နစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင် ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိ ဦးဆောင်သောဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် သာစည်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။
အဆိုပါ ဆေးဆိုင်များတွင် ရောင်းချနေသောဆေးဝါးများ ၊ Covid ကာကွယ်ရေးသုံး ဆေးပစ္စည်း များ၊ဆေးဈေးနှုန်းများမှန်ကန်မှုရှိစေရေး ၊ဈေးကစားခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခြင်း မရှိစေရေး ရည်ရွယ်၍ အပတ်စဉ်သွားရောက်စစ်ဆေးမှုများ ၊ ဈေးနှုန်းကောက်ယူခြင်း လုပ်ငန်းများလုပ်ဆောင်ခဲ့ ပါသည်။ဈေးကွက်အတွင်းဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်း လိုအပ်ချက်များအား မေးမြန်း ဆွေးနွေးခဲ့ရာ ဆေးဝါးများပြတ်လပ်မှုမရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)