ဧရာဝတီတိုင်ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးရီ၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဖြူဖြူလတ်နှင့်ဝန်ထမ်းများသည် ၂၃.၉.၂၀၂၂နံနက် ၀၉:၀၀နာရီ ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာရှိ အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ဘုရင့်နောင်ခန်းမသို့ သွားရောက်၍ စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းက စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံနှင့် စားသုံးသူအခွင့်အရေးများအကြောင်း ကုန်စည်ဝန်ဆောင်မှုနှင့် ပတ်သတ်၍ စားသုံးသူများ၏နစ်နာမှုများကို တိုင်ကြားနိုင်သည့် တိုင်းဦးစီးမှူးရုံး၊ ခရိုင်ဦးစီမှူးရုံးနှင့် မြို့နယ်ရုံးများနှင့် ဖုန်းနံပါတ်များ မိမိတို့ဝန်ကြီးဌာန website မှ တဆင့် online မှလည်း တိုင်ကြားနိုင်ကြောင်း စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ မိမိတို့ ဌာနမှဆောင်ရွက်မှုများနှင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေပါအကြောင်းအရာများအား အသေးစိတ်ဟောပြောခဲ့ပါသည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးရီနှင့် လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဖြူဖြူလတ်တို့မှ စားသုံးသူရေးရာအကြောင်းသိကောင်းစရာများနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပတ်သက်၍ အကျယ်တဝံ့ဆွေးနွေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲသို့ အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဗိုလ်မှူး မင်းကြည်စိုးအပါအဝင် အရာရှိ၊ အရာခံအကြပ်တပ်သားများ၊ ရဲမေများအပါအဝင် စုစုပေါင်း ၈၅ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ၂၃.၉.၂၀၂၂ရက်နေ့ မွန်းလွဲ၁:၀၀ နာရီ ဒုတိုင်းဒေသကြီးဦးစီးမှူးဦးထွန်းထွန်းနှင့် အဖွဲ့သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တပ်ဝင်းအတွင်းရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဗိုလ်မှူးသန်းဇော်အပါအဝင် ဆရာ/ဆရာမ ၂၀ ဦး ကျောင်းသား /သူ ၃၅၀ ဦး အား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေး၍ တက်ရောက်လာသူများအား စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ စာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
DOCA(ဧရာဝတီ)