Main menu

ဓနုဖြူမြို့  မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူပူးပေါင်း၍ (၂၇.၉.၂၀၂၂)နံနက် (၁၀:၃၀) အချိန်တွင် ဓနုဖြူမြို့ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသူဆိုင်လုပ်ငန်းရှင်(၁၀)ဦး အား မြို့နယ်စည်ပင်သာယာရေးဈေးကော်မတီရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ ပါသည်။

       အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့် ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲမှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအားထင်ရှားစွာ ဖော်ပြအသိပေးရမည့် အချက်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် တာဝန်ရှိသူ ပုဂ္ဂိုလ်အကြောင်းအချက်များ၊ ဈေးကွက်အတွင်းရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူတတ်စေရန်နှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်အကြောင်း၊ စားသုံးသူများအမှန်တကယ် နစ်နာဆုံးရှုံမှ ဖြစ်ပေါ်လာ ပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ လုပ်ငန်းရှင်နှင့် စားသုံးသူအကြား စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားခဲ့ဖူးသော အငြင်းပွားမှုကိစ္စရပ်များကို ဥပမာပေးရှင်းလင်းပြီး တိုင်ကြားခြင်းနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်း၊  ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုရှင်းလင်းဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)