တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထုတ်ကုန်များပိုမို ကောင်းမွန်စေရေးရည်ရွယ်၍ မြိတ်မြို့၊ ထားဝယ်စုရပ်၊ ကမ်းနားလမ်းရှိ “ဇီဝစိုး” ဌက်သိုက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းသို့ (၂၂.၉.၂၀၂၂) ရက်နေ့၊ နေ့လယ် (၂း၀၀)နာရီ အချိန် တွင် သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အစားအသောက်သန့်ရှင်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား၍ ထုတ်လုပ်ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်တို့ကို ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။
DOCA(တနင်္သာရီ)