Main menu

မြိတ်တွင်တရားမဝင်အေးခဲအသားများ မြေမြုပ် ဖျက်စီး

Powered by Drupal

     တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ်ကွက်၊ ပြည်ထောင်စုလမ်းမပေါ်ရှိ တနင်္သာရီတံတား စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရေးပူးပေါင်းအဖွဲ့မှ စာရွက်စာတမ်း၊ အထောက်အထားမပြနိုင်သော အေးခဲအသားမျိုးစုံအား ဖမ်းဆီးရမိပြီး မြိတ်မြို့နယ်၊ အကောက်အခွန်ဦးစီးဌာနမှူးရုံး သို့လာရောက် အပ်နှံခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါအေးခဲ့အသားများကို အကောက်အခွန်ဦးစီးဌာနမှ အကောက်အခွန်အမှုတွဲအမှတ်- သ-မ/၂၀၂၂(၀၀၃)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး မြိတ်မြို့၊ ကလွင်ရပ်၊ စည်ပင်အမှိုက်စွန့် ကန်၌ ၂၀၂၂ခုနှစ်၊ စက်တင်ဘာ (၂၉)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အကောက်အခွန်ဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် စုစုပေါင်း(၄၀၆)Kg၊ ခန့်မှန်းတန်ဖိုး ကျပ်(၁၅၀၀၀၀၀ိ/-)ရှိ အေးခဲအသားများအား မြေမြုပ် ဖျက်စီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)