Main menu

မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ(၃/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

              မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၉ ရက်နေ့၊ နေ့လည် (၂:၀၀)နာရီ အချိန်က မွန်ပြည်နယ် စားသုံးသူရေးရာ ကော်မတီ(၃/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။

            မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၃/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌ၊ ဦးနိုင်လယိတမ၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားကြောင်း၊ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ ဦးဝင်းထွန်း စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ၂၀၂၂-၂၀၂၂၃ ဘဏ္ဍာနှစ်၏ ဒုတိယ(၃)လပတ် (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ)အတွင်း စားသုံးသူကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များအား လုပ်ငန်းတစ်ခုချင်းအလိုက် အသေးစိတ်အား ဖော်ပြရာ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည့် လုပ်ငန်း များအား Power Point ဖြင့် ကော်မတီအဖွဲ့ဝင်များသို့ တင်ပြခဲ့ပါသည်။

          အဆိုပါ တင်ပြချက်များအား မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌ၊ အဖွဲ့ဝင် များမှ အတည်ပြုရန်အချက်များ၊ အကြံပြုချက်များ၊ ဆုံးဖြတ်ရန် အချက်အလက်တို့ကို ကော်မတီအဖွဲ့ဝင်အသီးသီးမှ ပြန်လည်ဆွေးနွေး၍ အတည်ပြုခြင်း၊ အကြံပြုခြင်းနှင့် ဆုံးဖြတ်ရန်အချက်တို့အား ယခုအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ကော်မတီအဖွဲ့ဝင် အားလုံး ဌာနများမှ အချိတ်အဆက်မိမိ အလေးထားပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အစည်းအဝေးကို နေ့လည် (၃:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)