ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တာဝန်ခံဦးတင်စိန်နှင့် ဝန်ထမ်းများသည် (၂၈.၉.၂၀၂၂) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင်အမှတ်(၂)ရပ် ကွက် (၂)လမ်းကားဂိတ်တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းဥက္ကဌ ဦးစိုးမြင့်နှင့်အဖွဲ့ဝင်(၅)ဦးတို့ နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆွေးနွေးဆောင်ရွက်ရာတွင် ဦးစိုးမြင့်ကမော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းကို (၃၁.၃.၂၀၁၉)ရက်နေ့တွင် အသင်းဝင်(၉)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ယခုအချိန်ထိမော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက် အောင်အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ စက်သုံးဆီဈေးနှုန်း၊ ဈေးကွက်အခြေအနေတည်ငြိမ်စေရေး၊ မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းမှ မော်တော်ယာဉ်များအား စနစ်တကျပြေးဆွဲရေးဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိအသင်းအနေဖြင့် စက်သုံးဆီဈေးနှုန်းများကြီးမြှင့်နေသည့် အတွက် မော်တော်ယာဉ်များပြေးဆွဲနိုင်ရေး ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ လုပ်ငန်းများပုံမှန်လည်ပတ်နိုင်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)