Main menu

ကလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စည်ပင်သာယာရေးကော်မတီနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများနှင့် ပူးပေါင်း၍  နယ်မြေ အတွင်းရှိ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစာပေးဆောင်ရွက်သွားမည့် ကုန်စည်အမျိုးအစားများအနက် အသင့်စားခေါက်ဆွဲခြောက်၊ ဆပ်ပြာ၊ အချိုရည်များနှင့် ဟင်းခတ် မှုန့်၊ အချဉ်ပေါင်းထုပ်များတွင် ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/ မရှိကို စည်ပင်သာယာဈေးနှင့် ရပ်ကွက်များသို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ တတိယပတ်အတွင်း သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      သွားရောက်စစ်ဆေးရာတွင် လူအများစုအသုံးပြုသော စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများအနေဖြင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိနေသည်ကို တွေ့ရှိရပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)