စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် ၂၀၂၂-ခုနှစ် အောက် တိုဘာလ(၄)ရက်နေ့တွင် ကသာခရိုင်ဦးစီးမှူးရုံး၌ ကသာမြို့မှ ဆီလုပ်ငန်းရှင် ဒေါ်ခင်မျိုးသက်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည်များအား ဆွေးနွေးခဲ့သည်။
ပထမဦးစွာ ခရိုင်ဦးစီးမှူး ဦးငြိမ်းချမ်းသူ(လ/ထညွှန်ကြားရေးမှူး)မှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်စည်များတွင် ကုန်ညွှန်အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာစာဖြင့် မဖြစ်မနေ ဖော်ပြရမည့်အချက်များ၊ စားသုံးဆီအမျိုးအစားအလိုက် ကုန်အညွှန်အမှတ်အသား ဖော်ပြရာတွင် လိုက်နာရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒု-ခရိုင် ဦးစီးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)မှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရမည့် တာဝန်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ကိုက်ညီမှု ရှိ/မရှိကို မိမိတို့ဌာနတွင် တင်ပြ လျှောက်ထားနိုင်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရရှိအောင်လည်း ဆောင်ရွက်ထားရန် ဆွေးနွေးပြောကြားခဲ့ကြပြီး လုပ်ငန်းရှင်မှလည်း သိရှိလိုသည့် အချက်များအား မေးမြန်းဆွေးနွေးခဲ့ကာ ကသာခရိုင်ဦးစီးမှူးရုံးမှ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)