Main menu

ရွှေဘိုခရိုင် (၉/၂၀၂၅)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

         ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅ခုနှစ် စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၂.၉.၂၀၂၅) ရက်နေ့တွင် စားသောက်ဆိုင်လုပ်ငန်းရှင်၊ (..၂၀၂၅)ရက်နေ့တွင် Online Shopping လုပ်ငန်းရှင်၊ (၁..၂၀၂၅) ရက်နေ့တွင် ကုန်စုံဆိုင်လုပ်ငန်းရှင်၊ (၅.၉.၂၀၂၅)ရက်နေ့တွင် MPT ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း ရှင်တို့နှင့်  တွေ့ဆုံဆွေးနွေးပြီး စားသုံးသူ ကာကွယ်ရေးဥပဒေ၊  အမိန့် ၊  ညွှန်ကြားချက်များကို  ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)