Main menu

ကယားရိုးရာပလိုင်း လူသုံးများလျက်ရှိ

Powered by Drupal

      ကယားပြည်နယ်တွင် စိတ်ဝင်စားစရာ သဘာဝအလှတရားများ၊ ရိုးရာအစားအစာ၊ ရိုးရာ အထည်လုပ်ငန်းများအပြင် ဒေသထွက်ပုန်ပစ္စည်းများ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ပါသည်။ ဒေသထွက်ကုန်ပစ္စည်းများမှ လက်မှုပညာဖြစ်သည့် ကယားပလိုင်း၊ ကယားနောက်လွယ်ပစ္စည်းများ စသည့် ဒေသခံတိုင်းရင်းသားများ အများဆုံးအသုံးပြုကြပြီး ဒေသထွက်ကုန်များ လက်ဆောင် ပစ္စည်း ပေးရာတွင်လည်းအသုံးပြုကြပါသည်။ ကယားပလိုင်း၊ ကယားနောက်လွယ်များကို နှီးဝါးဖြင့် ယက်လုပ် ကာ သစ်စေးကိုအသုံးပြုယက်လုပ်ကြပါသည်။ နောက်လွယ်ကို အဖုံးမပါ၊ အဖုံးပါဖြင့် ယက်လုပ်ပြီး အဖုံးကိုသစ်သားဖြင့် အသုံးပြုထားကြောင်း၊ လွယ်ကြိုးကို ယခင်ကနှီးကို အသုံးပြုကြပြီး ယခုအခါ ပလပ်စတစ်ကြိုးကို အသုံးပြုကြကြောင်း၊ ပလိုင်းယက်လုပ်ပါက နှီးဝါးတစ်လုံးလျှင် ပလိုင်း(၃)လုံးခန့်၊ နောက်လွယ်ယက်လုပ်ပါက(၅)လုံးခန့်ရကြောင်း၊ အဆိုပါပလိုင်းများကို ဒေသခံ တိုင်းရင်းသားများက သယ်ယူရာတွင် နေရာအစုံမှအသုံးပြုကြပါသည်။ အချို့ လက်မှုပညာရှင်များက ပလိုင်းတွေကို မီးအုပ် ဆောင်း၊ ရိုးရာအလှဆင်ဖန်တီးများ idea ရှိရင် ရှိသလို တီထွင်ပြုလုပ်ကြပါသည်။ ကယားပလိုင်း နောက်လွယ်များကို လွိုင်ကော်မြို့ဒေသထွက်ကုန်ပစ္စည်းအရောင်းဆိုင်တွင် ရောင်းချကြပြီး ဈေးကွက် အတွင်းတွင် နောက်လွယ်အဖုံးမပါ ပလိုင်းအကြီးတစ်လုံး လျှင် ၅၅၀၀ ကျပ်၊ အဖုံးပါပလိုင်းအကြီး တစ်လုံးလျှင် ၆၅၀၀ ကျပ်နှင့်အဖုံးပါ ပလိုင်းအသေးတစ်လုံးလျှင် ၅၅၀၀ ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိ ကြောင်း၊ ယခုအခါ ဒေသထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် ပလိုင်းကို ဒေသခံတိုင်းရင်းသားများ ပိုမို အသုံးများလာသဖြင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးကြိုးစားနေကြောင်း သိရပါသည်။

DOCA(ကယား)