Main menu

“ ကော့မှူးမြို့နယ်၏ဆေးဆိုင်များတွင်ဖြန့်ဖြူးရောင်းချလျက်ရှိသောဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး အတွက် ကော့မှူးမြို့နယ်၏ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေအား စက်တင်ဘာလ(၂၆)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း နှင့် ဒုဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်းအဖွဲ့ဖြင့် ဗိုလ်ချုပ်လမ်း မကျီးကန်ရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်၊ ဗိုလ်ချုပ် လမ်း မြို့မရပ်ကွက်ရှိ အောင်သစ္စာဆေးဆိုင်နှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ မေခလာဆေးဆိုင်၊ အေးမင်းစိုးဆေးဆိုင်၊ ဝင်းလဲ့ရည်စိုး ဆေးဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက် ရှိသော ဆေးဝါးများအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးဝါးများနှင့် စပ်ဆေးများ ရောင်းချခြင်း ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ယခင်လ၊ ယခုလ၊ ယခင်အပတ်၊ ယခုအပတ် ဆေးဝါးများ၏ ဈေး နှုန်းပြောင်းလဲမှုအခြေအနေတို့အား စာရင်းကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)