Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

Powered by Drupal

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်မှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပူးပေါင်း၍ (၄.၁၀.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ Star Mart စတိုးဆိုင်သို့ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသောက်ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရေး၊ မြန်မာစာ ကုန်အညွှန်းအမှတ်အသားများပါရှိစေရေး၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာဝယ်ယူ အသုံးပြုနိုင်ရန် စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် လုပ်ငန်းရှင်အား သိရှိနိုင်ရန် “ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်” လက်ကမ်းစာစောင်ကို ပေးဝေခဲ့ပြီး လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)