မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ စားအုန်းဆီခွဲဝေမှုအရ သတ္တမအကြိမ် ခွဲတမ်းရရှိသော စားအုန်းဆီပိဿာချိန် စုစုပေါင်း (၁၁၈၈၀) အား မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုထံသို့ ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရှိရသည်။
ထိုသို့ရောင်းချရာတွင် ၃၀.၉.၂၀၂၂ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ၁.၁၀.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ၂.၁၀.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ ၃.၁၀.၂၀၂၂ ရက်နေ့တွင် မုဒုံမြို့နယ်၊ ၄.၁၀.၂၀၂၂ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ၅.၁၀.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်တို့၌ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ပိဿာချိန်စုစုပေါင်း (၁၁၈၈၀) ပိဿာရောင်းချခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)