Main menu

Diamond Dragon Co.,Ltd မှ စားအုန်းဆီများရောင်းချပေးခဲ့

Powered by Drupal

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ ကျန်းမာရေးနှင့် ညီညွှတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်‌ရေး၊ ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း များ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်လျက်ရှိရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီနှင့် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း”တို့နှင့် ပူးပေါင်း၍ ၄.၁၀.၂၀၂၂ ရက်နေ့၌ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူ ပြည်သူများကို စားအုန်းဆီ ၁ ပိဿာ လျှင် ၅၄၀ဝိ/- နှုန်းဖြင့် Diamond Dragon Co.,Ltd မှ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)