
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ယန်းကျိန်ကျေးရွာအုပ်စု၊ တာခွယ်ကျေးရွာအတွင်းရှိ “စိန်တောင်း” အမှတ်တံဆိပ် ဝက်ခေါက်/အမဲခေါက် ထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် “စိန်တောင်း” အမှတ်တံဆိပ် (ဝက်ခေါက်၊ အမဲခေါက်)လုပ်ငန်းသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ် ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် “စိန်တောင်း” အမှတ်တံဆိပ် ဝက်ခေါက်/အမဲခေါက် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင် ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။
DOCA(ရှမ်း)
