
ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် ဆက်သွယ်ရေး ဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)နှင့်ပတ်သက်၍ စားသုံးသူ ရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်)နှင့်ဝန်ထမ်းများ သည် (၈.၁၀.၂၀၂၅)ရက်နေ့တွင် M S 2 Tower မန္တလေးလမ်း၊ ကန်တော်ကြီးရိပ်မွန်၊ မင်္ဂလာ တောင်ညွန့်မြို့နယ် Horizon Telecom Co.Ltd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင် မှု)နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ရမည့်အချက်များနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ အင်တာနက် ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးလျက်ရှိသည့် အခြေအနေများကိုလည်း မေးမြန်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
