
(၈.၁၀.၂၀၂၅ )ရက်နေ့၊နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်ရှိ Shwe Nyo Nyo Trading ဆေးကုမ္မဏီ သို့ စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့်ပူးပေါင်း ၍ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး ဆေးဝါးများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။
ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးကုမ္မဏီများတွင် ဖြန့်ဖြူးရောင်းချသည့်ဈေးနှုန်း ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့်လက်ကားဈေးနှုန်းအပေါ်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုရန်၊ လက်ကျန်ပစ္စည်းများအား လိုအပ်သည့်နေရာသို့ဖြန့်ဖြူးရောင်းချရန်၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများသာ ရောင်းချရန်နှင့်ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
